ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ် တိုင်းရင်းဆေးကုဌာန၌ မြို့နယ်တိုင်းရင်းဆေးမှူး၊ ဒေါ်ထက်ထက်ဝေမှ (၉-၇-၂၀၂၄) ရက်နေ့တွင် အထွေထွေရောဂါ များအတွက် လာရောက်၍ ဆေးကုသမှုခံယူလျက်ရှိသော လူနာများအား မြို့နယ်တွင်း ယခုရက်ပိုင်းဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှောရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ် နိုင်ရန်အတွက် ရောဂါဖြစ်ပွားစေသော နေထိုင်စားသောက်မှုပုံစံများ၊ ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားခြင်းနှင့် ကူးစက်မပျံ့ပွားမှုမရှိစေရန်အတွက် လိုက်နာဆောင်ရွက်ရမည့် တကိုယ်ရည်သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးအစားအစာနှင့် သောက်သုံးရေတို့ကို ကျန်းမာရေးနှင့်ညီညွတ်စွာ မိမိကစသတိပြု၍ စားသောက်နေထိုင်ခြင်းဖြင့် ကာကွယ်တက် စေရန် ကျန်းမာရေးအသိပညာများ မျှဝေခြင်းနှင့်ဖြစ်ပွားလာပါက နီးစပ်ရာဆေးရုံဆေးခန်းများ သို့အချိန်မစောင့်ဆိုင်းပဲ ပြသရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောမျှဝေခြင်း၊ သံသယရှိ လာလျှင်အသုံးပြုနိုင်ရန် ဆေးဝါးများပေး၍ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။