ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၈-၇-၂၀၂၄) ရက်နေ့တွင် အထွေထွေရောဂါများအတွက်လာရောက်၍ ဆေးကုသမှုခံယူလျှက် ရှိသော လူနာများအား သာကေတမြို့နယ်တွင်း ယခုရက်ပိုင်း ဖြစ်ပွားနေသော ဝမ်းပျက်ဝမ်းလျှော ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ထက်ထက်ဝေမှရောဂါဖြစ်ပွားစေသော နေထိုင်စားသောက်မှုပုံစံများ၊ ရောဂါလက္ခဏာများ၊ ရောဂါဖြစ်ပွားခြင်းနှင့် ကူးစက်ပျံ့ပွားမှုမရှိစေရန် အတွက်လိုက်နာဆောင်ရွက်ရမည့် အချက်များ နှင့် တိုင်းရင်းဆေးပညာနည်းစနစ်ဖြင့် ဓာတ်ဆားရည် ဖျော်စပ်အသုံးပြုနည်းများအား လည်းကောင်း၊ ဖြစ်ပွားလာပါက နီးစပ်ရာဆေးရုံဆေးခန်းများသို့ အချိန်မ စောင့်ဆိုင်းပဲ ပြသရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောမျှဝေခြင်း၊ သံသယရှိလာလျှင်သောက် သုံးရန်ဆေးဝါးများပေးခြင်းတို့ကို မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။