ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၃-၈-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်နန်းမြတ်ပန်းအိသွယ် ဦးဆောင်သောအဖွဲ့သည် မြောက်ဥက္ကလာပမြို့နယ်၊ ဥက္ကာရပ်ကွက်၊ ခေမာသီလမ်း၊ အမှတ်(၁) အခြေခံ အလယ်တန်း ကျောင်းတွင် ကျား (၅၀) ဦး၊ မ (၅၀) ဦး၊ စုစုပေါင်း(၁၀၀) ဦးအား “အဆစ်ရောင် ရောဂါနှင့်ပြင်းထန်ဝမ်းလျောဝမ်းပျက်ရောဂါ” အကြောင်း ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီး လူကြီး ကျား (၃၅) ဦး၊ လူကြီး မ (၃၂) ဦး၊ စုစုပေါင်း (၆၇) ဦးတို့အား သက်ဆိုင်ရာရောဂါအလိုက် တိုင်းရင်းဆေးဝါးများဖြင့် ဆေးပေးကုသခြင်းဖြင့် အခမဲ့ ကွင်းဆင်း ဆေးကုသမှုဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။