ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုးသည် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် (၁၅-၁-၂၀၂၆) မှ (၂၇-၂-၂၀၂၆) ရက်နေ့အထိ ဖွင့်လှစ်သော Community health volunteer (၂၈) ရက်သင်တန်း၌ (၁၀-၂-၂၀၂၆) ရက်၊ နေ့လယ် (၁:၀၀) နာရီ အချိန်တွင် သင်တန်းသား (၄)ဦးအား အခြေခံကျန်းမာရေး ဝန်ထမ်းများအတွက် “အခြေခံတိုင်းရင်းဆေးပညာ ခေါင်းစဉ်” ဖြင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် သင်ကြားမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

