ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂-၄-၂၀၂၄)ရက်၊ (၄-၄-၂၀၂၄)ရက်၊ (၈-၄-၂၀၂၄) ရက်နေ့များတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဖြူဖြူဥသည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်တွင် ကျင်းပလျက်ရှိသော အစိုးရဓမ္မာစရိယစာမေးပွဲနှင့် အစိုးရပါဠိပထမပြန် စာမေးပွဲ တို့အား စာမေးပွဲကျင်းပရာ မဟာဂန္ဓာရုံကျောင်းတိုတ်၌ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။