the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့် ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ (၁၇-၁၂-၂၀၂၄) ရက်နေ့ တွင်  ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင်ဦးဆောင်၍ အနောက်ပိုင်းခရိုင်နှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာမများပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ကမာရွတ် မြို့နယ်၊အမှတ်(၃)ရပ်ကွက်၊ဓမ္မာရုံသို့သွားရောက်၍   ကျန်းမာရေးစစ်ဆေးပေးခြင်း၊   တိုင်းရင်းဆေးဝါးများဖြင့် ကုသမှုပေးခြင်းများပြုခဲ့ရာ လာရောက်ကုသမှုခံယူသူ ကျား (၂၀) ဦး၊ မ (၂၆) ဦး၊ လူနာ စုစုပေါင်း (၄၆) ဦးအား ဆေးကုသမှုပေးနိုင်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း