ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အနောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ်တိုင်းရင်းဆေးကုဌာန တို့မှပူးပေါင်း၍ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနသို့ (၁၅-၇-၂၀၂၄) ရက်နေ့တွင် လာရောက် ကုသမှုခံယူကြသော လူနာများအား ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင်မှ “ဝိသမအဖျား၌ သုံးစွဲနိုင်သော ဝိသမအဖျားပျောက်ဆေး” အကြောင်းအား ဟောပြောပေးခဲ့ပြီး၊ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးမှ “ရာသီတုပ်ကွေးရောဂါနှင့် ဝိသမအဖျား ပျောက်ဆေး” ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့သည်။ တက်ရောက်လာသူများမှ ဝိသမအဖျား ပျောက်ဆေးနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းလာခြင်းအား အပြန်အလှန် ဆွေးနွေး ပေးခဲ့ကြောင်းသိရသည်။