ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် အနောက်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနနှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာန တို့မှပူးပေါင်း၍ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနသို့ (၁၂-၇-၂၀၂၄) ရက်နေ့တွင် လာရောက် ကုသမှုခံယူကြသော လူနာများအား လတ်တလောဖြစ်ပွားနေသော ဝမ်းလျော ဝမ်းပျက် ရောဂါနှင့်ပတ်သက်၍ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင်မှ “ဝမ်းလျော ဝမ်းပျက် ရောဂါပိုး ကူးစက်ပုံ၊ ရောဂါလက္ခဏာများနှင့် ကြိုတင်ကာကွယ်နိုင်သောနည်း လမ်းများ” အား ဟောပြောပေးခဲ့ပြီး၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးမှ “ဝမ်းလျောဝမ်းပျက်ရောဂါ နှင့်အိမ်တွင်းကုထုံးများ” ခေါင်းစဉ်ဖြင့် ဟောပြောပေးခဲ့သည်။ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေးနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိုးစိုးဦးတို့မှ “ဓာတ်ဆားရည်ဖျော်နည်းနှင့် အိမ်တွင်းဓာတ်ဆားရည် ဖျော်နည်း” များအား လက်တွေ့ သရုပ်ပြခဲ့ပြီး၊ တက်ရောက်သူများမှ သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးပေး ခဲ့ကြောင်းသိရသည်။