ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၀)နာရီတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး ဦးဆောင်သော ကွင်းဆင်းဆေးကုသရေး အဖွဲ့သည် အလုံမြို့နယ်၊ အ.မ.က(၂)ကျောင်း၌ ကျောင်းသားကျောင်းသူ (၈၀)ဦးအား " ဝမ်းပျက်ဝမ်းလျှော ရောဂါအကြောင်း" ပညာပေးဟောပြောခြင်း၊ ကျောင်းဆေးခန်းသုံးရန် တိုင်းရင်းဆေးဝါးများ ပေးအပ်လှူဒါန်းခြင်း၊ ဆရာ/ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူ ကျား(၂၈)ဦး၊ မ(၄၂)ဦး၊ စုစုပေါင်း(၇၀)ဦးအားတိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။