ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ( ၁၄-၅- ၂၀၂၄)ရက်နေ့တွင် အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေး နှင့်အဖွဲ့သည် အလုံမြို့နယ်၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ သစ်ဆိပ်ဝင်းအတွင်းရှိ သုခသိဒ္ဓိ ဓမ္မာရုံ၌ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ရာ လူနာ ကျား (၆၂)ဦး၊ မ (၅၄) ဦး၊ စုစုပေါင်း (၁၁၆) ဦးအား အခမဲ့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးခဲ့ပြီး၊ နွေရာသီတွင်ဖြစ်တတ်သောအပူနာများခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ရာ ဟောပြောပွဲသို့ (၃၂) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။