ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၇-၁၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်၌ အ.မ.က (၄) ကျောင်းတွင် ကျင်းပပြုလုပ်သော “လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲ” အား ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၁၅၀)ဦးတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲကိုကိုနှင့် မြို့နယ်ရဲမှူးတို့မှ “လူငယ်ရေးရာနှင့် မူးယစ်ဆေးဝါးများအကြောင်း” အသိပညာပေးဟောပြောခြင်း၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေးမှ “ရာသီအလိုက်စားသုံးသင့်သော အရသာများအကြောင်း” ခေါင်းစဉ်ဖြင့် ပညာ ပေးဟောပြောခြင်း၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ကျား (၂၀)ဦး၊ မ (၂၄)ဦး၊ စုစုပေါင်း (၄၄)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။