ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် အနောက်ပိုင်းခရိုင်နှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနတို့မှ ၁-၇-၂၀၂၄ ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင် ဦးဆောင်ပြီး ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စိုးစိုးဦးတို့ ပါ၀င်သောအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မဟာနာယက ကျောင်းတော်ကြီးတွင် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (၄၇)ပါး စုံညီသတ္တရသမ အကြိုညှိနှိုင်း အစည်းအဝေး တွင် ကျန်းမာရေးစစ်ဆေးပေးခဲ့ရာ လူနာကျား (၂၄)ဦးအား တိုင်းရင်းဆေးဖြင့်ကုသပေးခဲ့ကြောင်း သိရသည်။