the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်နှင့် အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၄-၇-၂၀၂၄) ရက်နေ့တွင် အနောက်ပိုင်းခရိုင်နှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနတို့မှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင် ဦးဆောင်ပြီး ဒုတိယ တိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေသန်းမြင့်ထွေးတို့ ပါ၀င်သော အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မဟာနာယက ကျောင်းတော်ကြီးတွင် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ သတ္တရသမ အကြို ညှိနှိုင်း အစည်းအဝေး (စတုတ္ထနေ့ ) တွင် ကျန်းမာရေးစစ်ဆေးပေးခဲ့ရာ လူကြီး - ကျား (၃၇)ဦး၊ မ - (၁၁)ဦး၊ စုစုပေါင်း လူနာ (၄၈)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း