the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်နှင့်အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်း ဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန် မှုဖြင့်  အနောက်ပိုင်းခရိုင်နှင့် အလုံမြို့နယ်တိုင်းရင်းဆေးကုဌာနတို့မှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင် ဦးဆောင်ပြီး  ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး၊  လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်စိုးစိုးဦး ၊ အကြီးတန်းစာရေး ဒေါ်မေဇော်ဇော်ချို တို့ ပါ၀င်သော အဖွဲ့သည် (၁၂-၈-၂၀၂၄) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အလယ်ပိုင်း ဓမ္မာရုံ၌  - ကျား လူကြီး (၂၇) ဦး၊ မ (၃၉) ဦး၊ လူနာစုစုပေါင်း (၆၆) ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ပြီး၊ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင် မှ “အဖျားရောဂါ၏ နောက်ဆက်တွဲချောင်းဆိုးခြင်းအားသက်သာစေသောနည်းလမ်းများ” အ ကြောင်း ကို အသိပညာပေးဟောပြော၍ တက်ရောက်သူ (၃၅) ဦး တို့မှလည်း သိရှိလိုသည် များအား ပြန်လည်မေးမြန်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ