တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူးတို့၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်နှင့် အလုံမြို့နယ် တိုင်းရင်းဆေးကုဌာနတို့မှ (၁၉.၆.၂၀၂၅) ရက်နေ့တွင် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ရည်မွန်အောင် ဉီးဆောင်၍ ဒု-တိုင်းရင်းဆေးမှူး ဒေါ်စန္ဒာအေး၊ အကြီးတန်းစာရေး ဒေါ်မေဇော်ဇော်ချို၊ နေ့စား ဒေါ်ဝါဝါထူးတို့ ပါဝင်သော ကွင်းဆင်းဆေးကုသရေးအဖွဲ့သည် ကမာရွတ်မြို့နယ်၊ လှည်းတန်း ( ၇ )လမ်း၊ ဓမ္မာရုံ၌ လူနာ ကျား ( ၃၈ )ဦးနှင့် မ ( ၅၄ ) ဦး စုစုပေါင်း ( ၉၂ )ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့ပါသည်။