ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် လှည်းကူး မြို့နယ်ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒနဦးနှင့်အဖွဲ့ မြို့နယ်တိုင်းရင်း ဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့နှင့် ပူးပေါင်း၍ (၂၈-၈-၂၀၂၄) ရက်နေ့ နံနက်(၉) နာရီမှ နေ့လည် (၁၂) နာရီ အထိ သက်ကြီးရွယ်အိုများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရာ ကျား (၃) ဦး၊ မ (၄၈) ဦး၊ စုစုပေါင်း (၅၁) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။