ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၃-၇-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက် ဦးဆောင်သော ကွင်းဆင်း အဖွဲ့သည် ဘိုးဘွားရိပ်သာ၊ (၇) ရပ်ကွက်တွင် ကျား( ၇) ဦး၊ မ( ၁၈) ဦး စုစုပေါင်း (၂၅) ဦး တို့အား ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ခဲ့ပြီး၊ အဘိုးအဘွား (၂၅) ဦး အား ကျန်းမာရေး အသိပညာပေးအနေဖြင့် “နာတာရှည်ရောဂါ” များအကြောင်းအား ဟောပြောခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။