ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ(၃-၇-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက် ဦးဆောင်သော ကွင်းဆင်း အဖွဲ့သည် ဘိုးဘွားရိပ်သာ၊ (၇)ရပ်ကွက်တွင် ကွင်းဆင်းဆေးကုသမှုကို ဆောင်ရွက်ခဲ့ရာ ကျား(၇) ဦး၊ မ(၁၈) ဦး၊ စုစုပေါင်း (၂၅) ဦးတို့အား ဆေးကုသပေးခဲ့ပြီး အဘိုးအဘွား တို့အား ကျန်းမာရေးအသိပညာပေးအနေဖြင့် “နာတာရှည်ရောဂါများအကြောင်း”အား ဟောပြောခဲ့ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။