ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်း မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၃-၆-၂၀၂၄)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှုး ဒေါ်လှမြတ်ထက် ဦးဆောင်သောအဖွဲ့သည် အမက-၁ စာသင်ကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေး အနေဖြင့် အာဟာရပြည့်ဝစွာစားသုံးရန်အတွက် “အာဟာရအုပ်စုအကြောင်း”ကို အသိပညာပေး ဟောပြောခဲ့ပြီး မလူကြီး ၁ ဦး ၊ ကျားကလေး ၁၁ ဦး၊ မကလေး ၁၄ ဦး၊ စုစုပေါင်းလူနာ ၂၆ ဦး တို့ကို ကျောင်းကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။