the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ အသိပညာ ပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်း ဆေးပညာဦးစီးဌာန၊ ဒုတိယတိုင်း‌ ဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့်၊ ရန်ကုန်တိုင်း‌ဒေသကြီး မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ပေါင်းစပ်မှုဖြင့်၊ မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင်အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ (နည်းစနစ်မှူး) ဒေါ်သင်းသင်းစိုး သည် သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာ‌ရေးဆိုင်ရာ‌‌ လေ့ကျင့်ခန်းများ ပြုလုပ်ပေး၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့် အဖွဲ့၊ မြို့နယ်တိုင်းရင်းဆေး ကုဌာနမှ၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည်     (၁၉-၃-၂၀၂၅) ရက်နေ့၊ နံနက်(၉:၀၀) နာရီမှ နေ့လည် (၁၂:၀၀) နာရီ အထိ သက်ကြီး ရွယ်အိုဘိုးဘွား (၃၀) ဦးတို့အား ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကိုကာကွယ်နိုင်သည့် နည်းလမ်းများ အကြောင်း ဟောပြော၍ ကျား (၁၀)ဦး၊ မ (၅၈)ဦး၊ စုစုပေါင်း (၆၈)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာ‌ရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း