တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပေါင်းစပ်မှုဖြင့် (၁၉-၂-၂၀၂၅) ရက်နေ့ နံနက်(၉) နာရီမှ နေ့လည် (၁၂:၀၀) နာရီအထိ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ နည်းစနစ်မှူး ဒေါ်သင်းသင်းစိုးသည် သက်ကြီး ရွယ်အို ဘိုးဘွားများအား ကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်းများပြုလုပ်ပေး၍ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့် အဖွဲ့သည် သက်ကြီးရွယ်အိုဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ရာ ကျား (၄)ဦး၊ မ (၅၃)ဦး၊ စုစုပေါင်း (၅၇)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။