ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်ကြည်ကြည်ဝင်းနှင့်အဖွဲ့သည် (၁၅-၇-၂၀၂၄) ရက်နေ့တွင် ဒါနတံခွန် ဓမ္မာရုံ၌ ကျား လူကြီး (၁၇) ဦး၊ မ လူကြီး (၂၉)ဦး၊ မ ကလေး (၄)ဦး၊ စုစုပေါင်း (၅၀) ဦး တို့အား “၀မ်းပျက်၀မ်းလျောရောဂါအကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး ကွင်းဆင်းဆေးကုသမှု ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။