ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ပေါင်းစပ်မှုဖြင့်၊ မြို့နယ်ဆေးရုံတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသောင်းဒန်ဦးနှင့်အဖွဲ့ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဖြိုးနှင့်အဖွဲ့သည် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီး ရေးရာအသင်းတို့နှင့်ပူးပေါင်း၍(၉.၁၀.၂၀၂၄) ရက်နေ့နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီ အထိသက်ကြီးရွယ်အိုဘိုးဘွား (၂၂)ဦးအား သွေးတိုးရောဂါနှင့် ပတ်သက်သည့်ရောဂါအကြောင်း ဟောပြော၍ကျား(၈)ဦး၊ မ(၅၉)ဦး၊ စုစုပေါင်း(၆၇)ဦး တို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။