the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူး၏လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၇-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်း ဆေးမှူး ဒေါ်ဟေမာသန်းထွန်းနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ရွှေယမင်းဦးတို့သည် ထန်းတပင် မြို့နယ်၊ လမုတန်းကြီးကျေးရွာ၊ သာသနာဇောတိကရာမကျောင်းတိုက်၌  လူကြီး ကျား (၁၉) ဦး၊ လူကြီး မ (၂၈) ဦး၊ ကလေး ကျား (၁) ဦး၊ ကလေး မ (၁) ဦး၊ စုစုပေါင်း (၄၉) ဦးအား “ဆောင်းရာသီ၌ဖြစ်ပွါးတတ်သောရောဂါများအကြောင်း” အား အသိပညာပေးဟော ပြောခဲ့ပြီး တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်