ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဟေမာသန်းထွန်းနှင့်အဖွဲ့သည် (၁၄.၁၁.၂၀၂၃)ရက်နေ့တွင် ထန်းတပင်မြို့နယ်ရှိ လွမ်းစေတီ ပရိယတ္တိစာသင်တိုက်၌ လူကြီး(ကျား)-၁၉ဦး၊ကလေး(ကျား)-၁ဦး၊စုစုပေါင်း(၂၀)ဦးတို့အား အခမဲ့ကွင်းဆင်း ဆေးကုသပေးခဲ့ ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။