ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၂၁-၁၂-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟေမာသန်းထွန်းနှင့်အဖွဲ့သည် ထန်းတပင်မြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ လူကြီး ကျား (၁၈) ဦး၊ လူကြီး မ (၂၀) ဦး၊ လူနာစုစုပေါင်း (၃၈) ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။