ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၄.၆.၂၀၂၅ မှ ၁၀.၆.၂၀၂၅) ရက်နေ့အထိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကျန်းမာရေးကော်မတီတွင် ပေါင်းစပ်ပါဝင်မှုဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ထူးထူးအုန်းဟန်နှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ် မြို့ဦးစေတီသာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သော ပါဠိပထမပြန်စာမေးပွဲတွင် လူကြီးကျား(၁၀)ဦး၊ မ(၅)ဦး၊ ကလေး_ကျား(၇)ဦး၊မ(၃)ဦး စုပေါင်း(၃၀)ဦးတို့အားတိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။