ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၇-၈-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင် ဦးဆောင်သောအဖွဲ့သည် ဆာပါချောင်ရပ်ကွက်၊ ဓမ္မသုခဓမ္မာရုံ၌ ဆာပါချောင်ရပ်ကွက်ရှိ ပြည်သူများကို “ဆီးချိုရောဂါ အကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန်များ”ကို ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး၊ လူကြီး( ကျား ) (၉) ဦး၊ လူကြီး (မ) (၃၉) ဦး ၊ စုစုပေါင်း (၄၈) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။