ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးတို့ပူးပေါင်း၍ (၁၈-၈-၂၀၂၄) ရက်နေ့တွင် အထက (၃) ၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့် တိုင်းရင်းဆေးဖြင့် ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းမှ “မိုးရာသီတွင်ဖြစ်တက် သောရောဂါများ” အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး (၈၀) ဦး တက်ရောက်ခဲ့ပြီး တိုင်းရင်းဆေးဖြင့် ကျောင်းကျန်းမာရေး စစ်ဆေးရာတွင် ကလေး ကျား (၂၂) ဦး ၊ ကလေး မ (၂၅) ဦး၊ လူကြီး မ (၅) ဦး၊ စုစုပေါင်း (၅၂)ဦး တို့အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။