ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၆-၇-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ အထက -၃ စာသင်ကျောင်းတွင် ကျောင်း ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြော၍ (၂၅၀) ဦး တို့အား “မိုးရာသီတွင် အဖြစ်များသော ပြင်းထန်ဝမ်းလျောဝမ်းပျက် ရောဂါအကြောင်း”ကို အသိပေးဟော ပြောခဲ့ပြီး ကျား ကလေး (၁၈) ဦး ၊ မ ကလေး (၂၇) ဦး၊ လူကြီး မ (၁၀) ဦး၊ စုစုပေါင်း (၅၅) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။