ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွမ်းခြံ ကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာန၊ ကွမ်းခြံကုန်းမြို့နယ် စားသုံးသူရေးရာ၊ အမျိုးသမီး ရေးရာ အဖွဲ့တို့နှင့်ပူးပေါင်း၍ (၇-၃-၂၀၂၅) ရက်နေ့တွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှု ဓလေ့အကြောင်း အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးက “သနပ်ခါး၏ ဆေးဖက်ဝင်ပုံအကြောင်း” ကို ဟောပြော ဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ စုစုပေါင်းလူဦးရေ (၃၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။