the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် တံတားမြို့တိုင်းရင်းဆေးကုဌာနမှ (၁၁-၁၀-၂၀၂၄) သောကြာနေ့ နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၂:၀၀) နာရီ အချိန်ထိ မြို့နယ်တိုင်းရင်း ဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် တံတားမြို့၊ ပုတ္တလုတ်ကျေးရွာ၊ မင်္ဂလာရာမဘုန်းကြီးကျောင်းဝင်းတွင် ကျေးရွာသူ/ကျေးရွာသား လူဦးရေ (၄၀)ဦးအား “သိမှတ် ဖွယ်ရာ မြန်မာ့တိုင်းရင်းဆေး ဆေးနည်းများအကြောင်း” ကျန်းမာရေးအသိပညာပေး ဟောပြော ၍ ကျား လူနာ(၂၀)ဦး၊ မ လူနာ(၃၅)ဦး၊ စုစုပေါင်းလူနာ (၅၅) ဦးတို့အား တိုင်းရင်း ဆေးဝါးများဖြင့် ကွင်းဆင်းဆေးကုသမှုပေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်