ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၂-၇-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက် နှင့် ခရမ်းမြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ ခရမ်းမြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ အမက-၃ စာသင်ကျောင်းတွင် ကျောင်းကျန်းမားရေးစစ်ဆေးခြင်း နှင့် ကျန်းမာရေးအသိပညာပေးဟော ပြောခြင်းများအနေဖြင့် “ပြင်းထန်ဝမ်းလျောဝမ်းပျက်အကြောင်း”ကို (၁၂၆) ဦး အားအသိပညာ ပေးဟောပြောခဲ့ပြီး၊ လူကြီး မ (၉) ဦး၊ ကျား ကလေး (၅၁) ဦး၊ မ ကလေး (၄၁) ဦး စုစုပေါင်း လူနာ (၁၀၁) ဦး တို့အား ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။