ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၉-၈-၂၀၂၄) ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် မြို့နယ် ပြည်သူ့ကျန်းမားရေးအဖွဲ့နှင့်ပူးပေါင်း၍ အမက စံပြစာသင်ကျောင်း၌ ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ခြင်းအနေဖြင့် ဟောပြောသူဦးရေ (၉၀)ဦး တို့အား သွေးလွန်တုပ်ကွေး ရောဂါအကြောင်းကို အသိပညာပေးဟောပြောခဲ့ပြီး ကျား ကလေး (၂၈) ဦး၊ မ ကလေး (၁၅) ဦး၊ စုစုပေါင်း (၄၃) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။