the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ အသိပညာ ပေးဟောပြောခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၈-၁-၂၀၂၅) ရက်နေ့တွင် လက်ထောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးနှင့်အဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် တောင်ကုန်းကျေးရွာသို့ သွားရောက်၍ ကျေးရွာသူ၊ ကျေးရွာသား (၂၀) ဦးတို့အား “ထုံနာကျဉ်နာရောဂါအကြောင်း” အသိပညာပေးဟောပြောခဲ့ပြီး လူကြီး ကျား (၃၀) ဦး၊ လူကြီး မ (၃၃) ဦး၊  ကလေး ကျား (၁၁) ဦး၊ ကလေး မ (၅) ဦး၊ စုစုပေါင်း (၇၉) ဦး တို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ပြီး ရွှင်ပြုံး တိုင်းရင်းဆေးထုတ်လုပ်ရေးမှ လှူဒါန်းသော ဆေးဝါးများဖြင့်လည်း ကုသိုလ်ပြု ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ