တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးတိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်းမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၆-၁-၂၀၂၅) ရက်နေ့တွင် မြို့နယ်တိုင်းရင်း ဆေးမှူး ဒေါ်သူဇာလွင်အဖွဲ့သည် ဆင်ကန်ပန်းတောပရဟိတဘုန်းကြီးကျောင်း၌ လူဦးရေ (၄၅) ဦးတို့အား “အဆစ်ရောင်ရောဂါအကြောင်း” ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား (၈) ဦး၊ ကျောင်းသူ (၂) ဦး၊ လူကြီး ကျား (၆) ဦး၊ လူကြီး မ (၁၉) ဦး၊ စုစုပေါင်း (၃၅) ဦးအား ကွင်းဆင်းဆေးကုသမှုများဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။