ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၈.၈.၂၀၂၅)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဦးတင်ဖြိုးအောင်သည် ဗညားဒလရပ်ကွက် ၊ မြို့ဦးကျောင်းရှိ ဥပုသ်သည် (၃၂)ဦးအား "လက်တစ်ကမ်းရှိ တိုင်းရင်းဆေး" အသုံးဝင်ပုံကို ဟောပြောခဲ့ပြီး လူကြီး-ကျား(၁၇)ဦး၊ မ (၄၂)ဦး၊စုစုပေါင်း (၅၉)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။