ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ (၁၉-၈-၂၀၂၄) ရက်နေ့တွင် မြို့နယ်တိုင်း ရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးသည် တွံတေးမြို့သမိုင်းဝင် ရွှေဆံတော် ဘုရား၌ကျင်းပပြုလုပ်သော (၁၄) ကြိမ်မြောက် (ဝါခေါင်းလပြည့်) မေတ္တာအခါ တော်နေ့နှင့် အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ (ပိတ်ပွဲ) အခမ်းအနားတက် ရောက်ကြသူ (၂၅) ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့် ရှောက်မှုပေးခဲ့ ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။