ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၂-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်တိုင်းရင်းဆေးခန်းမှုး ဒေါ်နွယ်နွယ်ဦးနှင့်အဖွဲ့သည် ရတနာသီရိစာသင်တိုက်သို့သွားရောက်၍ ကွင်းဆင်းဆေးကုသပေးခြင်းနှင့် တိုင်းရင်းဆေးဝါးဝယ်ယူသုံးစွဲသူများ သိကောင်းစရာအချက်များနှင့် ဝယ်ယူသင့်သော ဆေးဝါးများနှင့်မဝယ်သင့်သောဆေးဝါးများအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး ကျားလူကြီး-(၃)ဦး၊ မလူကြီး(၃၇) ဦး၊ မလေး- ၅ ဦး စုစုပေါင်းလူနာ(၄၅) ဦးတို့ကို အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။