ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တိုင်းရင်းဆေးကုဌာနမှ (၁၇-၁၂-၂၀၂၄) ရက် အင်္ဂါနေ့ နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁:၀၀)နာရီအချိန်ထိ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ဟိန်းသူ ဦးဆောင်သောကွင်းဆင်းအဖွဲ့သည် တံတားမြို့၊ စင်မကော်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် လူဦးရေ (၃၅) ဦးအား “ဆောင်းရာသီတွင် ဖြစ်တတ်သော ရောဂါများ” အကြောင်းကျန်းမာရေး အသိပညာပေးဟောပြော၍ လူကြီး(ကျား) (၁၂) ဦး၊ လူကြီး (မ) (၂၀) ဦး၊ စုစုပေါင်း (၃၂) ဦးတို့အား တိုင်းရင်းဆေးဝါးများဖြင့် ကျန်းမာရေးစောင့် ရှောက်မှု ပေးခဲ့ကြောင်းသိရသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။