ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၂.၆.၂၀၂၅)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်သည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိနှင့်ပူးပေါင်း၍ “လူငယ်နှင့်ကျန်းမာအောင်နေထိုင်နည်းများအကြောင်း” ခေါင်းစဉ်ဖြင့် အသိပညာပေး TALK-SHOW အား ဆောင်ရွက်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။