တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေး ပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှု့ဖြင့် (၇-၂-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်သည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဌာနတို့နှင့်ပူးပေါင်း၍ အထက (ကွမ်းမိုးဒိန်း) စာသင်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ကျန်းမာရေးအသိပညာ ပေးခြင်းအနေဖြင့် တိုင်းရင်းဆေးဝါးများ အကြောင်း သိကောင်းစရာများအားဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း တို့အား ဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့ (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။