ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဌာနတို့နှင့် ပူးပေါင်း၍ (၁၁.၇.၂၀၂၅)ရက်နေ့တွင် အ.မ.က မြို့သစ်၌ ကျောင်းသား၊ ကျောင်းသူ (၁၆၀)ဦးအား အာဟာရအုပ်စု(၃)မျိုးအကြောင်းအသိပညာပေးဟောပြောခဲ့ပြီး လူကြီး မ(၂) ဦး၊ ကလေး ကျား(၃၂)ဦး၊ ကလေး မ (၃၈) စုစုပေါင်း (၇၂)ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။