ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၇.၆.၂၀၂၅)ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် ကွမ်းခြံကုန်း မြို့နယ် အ.မ.က မန်ကျီးတန်း၌ ကျောင်းသား၊ ကျောင်းသူ (၃၀)ဦးတို့အား ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ပြီး ကလေး ကျား (၈)ဦး၊ မ (၁၃)ဦး၊ စုစုပေါင်း( ၂၁)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက် မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။