ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၁၁.၆.၂၀၂၅)ရက်နေ့တွင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးမြတ်စိုးသည် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဌာန၊ မြို့နယ်ပညာရေးဌာနတို့နှင့်ပူးပေါင်း၍ (ကွမ်းခြံကုန်းမြို့နယ် အမက(တော်ပုလဲ)ကျောင်း၌ ကျောင်းသား/ကျောင်းသူ(၆၀)ဦးတို့အား မိုးရာသီတွင် ဖြစ်ပွားတတ်သော ရောဂါများအကြောင်း ဟောပြော၍ လူကြီး မ(၂)ဦး၊ ကလေး ကျား (၁၅)ဦး၊ ကလေး မ (၂၃)ဦး စုစုပေါင်း (၄၀)ဦးတို့အား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။