the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ “မြန်မာ့ တိုင်းရင်းဆေးသမားတော်များနေ့”အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် (၄-၃-၂၀၂၅) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ် တိုင်းရင်းဆေးမှူး ဒေါ်သူဇာလွင် ဦးဆောင်သောအဖွဲသည် ရွှေမှော်ဝန်းဖား အောက်တောရ ကျောင်းသို့ သွားရောက်၍ “မြန်မာ့တိုင်းရင်းဆေးသမားတော်များနေ့”အား ကြိုဆို ဂုဏ်ပြုသော အားဖြင့် သီလရှင်နှင့် ယောဂီ (၄၀) ဦး တို့အား “သွေးတိုးရောဂါ အကြောင်း” ကျန်းမာရေး အသိပညာပေးဟောပြောခဲ့ပြီး သီလရှင် အပါး (၂၅) ပါး နှင့် ယောဂီ (၁၀) ဦး၊ စုစုပေါင်း (၃၅) ဦးတို့အား တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း