ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အလုံမြို့နယ် တိုင်းရင်းဆေး ကုဌာနနှင့် အလုံမြို့နယ် သာသနာ့နုဂ္ဂဟအသင်းတို့ ပူးပေါင်း၍ ၂၀.၉.၂၀၂၄ ရက်နေ့တွင် အလုံမြို့နယ် ပရိယတ္တိပါဠိတက္ကသိုလ်သို့ သွားရောက်၍ စာသင်သား သံဃာနှင့် ကိုရင်စုစုပေါင်း( ၃၅ )ဦးအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ဒေါ်မေသန်းမြင့်ထွေး ဒုတိယတိုင်းရင်းဆေးမှူးမှ စာသင်သားသံဃာ (၆၀)ဦးအား "ဝဲယားနာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါ်စိုးစိုးဦး လက်ထောက်တိုင်းရင်းဆေးမှူးက “မိုးရာသီတွင်ဖြစ်တက်သောရောဂါများ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပညာပေး ဟောပြောပြီး စာသင်သားသံဃာများမှ တိုင်းရင်းဆေးနှင့်ပတ်သက်၍ သိရှိလို သည်များကို မေးမြန်းဆွေးနွေးကြကြောင်းသိရသည်။