၂၀၂၄ ခုနှစ် မတ်လ (၁၄) ရက်နေ့ နေ့လယ် (၂:၀၀) နာရီတွင် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန်၌ ၂၀၂၄ ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ အလုပ်သင်ဆရာ၊ဆရာမများ၏ အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန် (အကြီးတန်းတိုင်းရင်းဆေးမှူး) ဒေါ်ရီရီလှမှ ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ရန်ကုန်မှ ဦးမင်းသူဟိန်း(သင်- ၂၄ ) နှင့် ဦးလှိုင်မင်းဦး (သင်-၂၆)တို့က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ၊ရန်ကုန် အကြောအရိုးအဆစ်ရောဂါကုဌာနမှ ဒေါ်မို့မို့မောင်(သင်- ၁၉)သည် Low Back Pain due to PID ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးပြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ရန်ကုန်မှ ဆေးရုံအုပ်ကြီးနှင့် ဆရာ၊ ဆရာမ စုစုပေါင်း(၃၀)ဦး တက်ရောက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး အခမ်းအနားကို ညနေ (၃ : ၃၀)နာရီတွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။