the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် (CTME) “ဝဲယားနာ(Scabies)” ခေါင်းစဉ်ဖြင့် အခမ်းအနား ကျင်းပ

        ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို “ဝဲယားနာ(Scabies)” ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက် ကြာသပတေးနေ့ နေ့လယ် (၂:၀၀) နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါအခမ်းအနားတွင် သဘာပတိများအဖြစ်  မဟိဒ္ဓိတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီး ဦးအောင်မြတ်ကျော် နှင့် (မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း) ဆရာကြီး ဦးသိန်းဇော် တို့က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ ရန်ကုန်မှ   ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မြင့်ဇာလီအုန်းနှင့် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မိခင်ယမင်းဟန်တို့က ဆောင်ရွက်ခဲ့ပါသည်။

         ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ စာတမ်းရှင် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ရွှေယမင်းဦး က ဝဲယားနာ (Scabies)ရောဂါ  အကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး  တိုင်းရင်းဆေးဝါးထုတ်လုပ်သူများ၊ ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ/ဆရာမ (၃၀) ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဆရာ၊ ဆရာမ (၁၂)ဦး၊ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန် မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ဆရာမ (၃၄) ဦး၊ စုစုပေါင်း (၇၆) ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါ သည်။

        ဆက်လက်၍ စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာကြီး ဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝိ/-)၊ ဆရာကြီး ဦးအောင်မြတ်ကျော် (မဟိဒ္ဓိတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀ဝိ/-) ၊ ဆရာကြီး ဦးခင်မောင်ဝင်း (ရွှေမန်းတောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၅၀,၀၀ဝိ/-)၊  ဆရာကြီး ဦးကျော်ကျော်ဌေး (မှန်ချိုတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀ဝိ/-) ၊ဆရာကြီး ဦးဝေလင်း( အဘထတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး) မှ ချီးမြှင့်ငွေကျပ် (၃၀၀၀၀ဝိ/-) ၊ ဆရာကြီး ဦးထွန်းရွှေ ( ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး )မှ ချီးမြှင့်ငွေကျပ် (၅၀၀၀ဝိ/-)၊ ဆရာကြီးဦးသန်းထိုက်ကျော် (ထိရင်လန်းတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၅၀၀၀ဝိ/)တို့အား ဆုချီးမြှင့်ခဲ့ကြပြီး စုစုပေါင်းကျပ်ငွေ (၈၅၀၀၀ဝိ/-) ရှစ်သိန်း ငါးသောင်းကျပ် တိတိကို ချီးမြှင့်ခဲ့ကြပါသည်။

       အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာကြီးဦးမောင်မောင်ဦး (ဂရိတ်ဝေါတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေး)နှင့် ဆရာကြီးဦးထွန်းရွှေ (ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ပံ့ပိုးကူညီ ခဲ့ကာ အခမ်းအနားကို ညနေ (၄:၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်းသိရ သည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့