the republic of the union of myanmar

ministry of health

Department of Traditional Medicine

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး(ရန်ကုန်) ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် " အဆစ်ရောင်ရောဂါ" ခေါင်းစဉ်ဖြင့် CTME အခမ်းအနား ကျင်းပခြင်း

        ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ နေ့လယ် (၂:၀၀) နာရီ တွင် တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ် ပညာပေးရေး အစီအစဉ် Continuing Traditional Medicine Education (CTME) Programme အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါအခမ်းအနားတွင် သဘာပတိများအဖြစ်  မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဝင် ဆရာကြီး ဦးသိန်းဇော်နှင့် ​ကေသီပန်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ဆရာကြီး    ဦး​ကြည်စိုး  တို့က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်မှ  တိုင်းရင်းဆေးမှူး ဒေါ်ချောစုဝင်းနှင့် တိုင်းရင်းဆေးမှူး  ဒေါ်သိင်္ဂီကျော် တို့က ဆောင်ရွက်ခဲ့ပါသည်။

         အဆိုပါအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်တိုင်းရင်းဆေးကုဌာနမှ စာတမ်းရှင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အိအိဖြိုးက အဆစ်ရောင်ရောဂါအကြောင်းကို ဖတ်ကြားဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ ဆရာ/ဆရာမ (၁၄) ဦး၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများ နှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဆရာကြီး(၈)ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီးဦးစီးဌာနမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဆရာ၊ ဆရာမ (၁၂)ဦး၊ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန် မှ ဆေးရုံအုပ်ကြီး အပါအဝင် ဆရာ၊ဆရာမ (၄၁)ဦး စုစုပေါင်း (၇၅) ဦးတက်ရောက်ကာ တိုင်းရင်းဆေးပညာ ဖွံဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။

        စာတမ်းတင်ပြဆွေးနွေးသွားပါသော စာတမ်းရှင်အား ဆရာကြီးဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၂၀၀,၀၀ဝိ/-)၊ ဆရာကြီး ဦးအောင်မြတ်ကျော် (မဟိဒ္ဓိတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၁၀၀၀၀ဝိ/-)၊ ဆရာကြီးဦးခင်မောင်ဝင်း (ရွှေမန်းတောင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၅၀,၀၀ဝိ/-)၊  ဆရာကြီးဦးပေါငြိမ်း+ ဆရာမဒေါ်ဖြူဖြူအောင် (ကံသာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ချီးမြှင့်ငွေကျပ် (၅၀၀၀၀ိ/-)၊ ဆရာကြီးဦးအုန်းမြင့် (ဒို့ရွှေမြန်မာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ရွှင်ပြုံးတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ရှယ်ပြုံးစားသောက်ကုန်လုပ်ငန်း ) မှ ချီးမြှင့်ငွေကျပ် (၁၅၀၀၀၀ိ/-) ၊ ထိရင်လန်းတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ချီးမြှင့်ငွေကျပ် ( ၅၀၀၀၀ိ/-) တို့အား ဆုချီးမြှင့်ခဲ့ကြပါသည်။

       အခမ်းအနားဖြစ်မြောက်ရေးအတွက် ဆရာကြီး ဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး ) နှင့် ဆရာကြီးဦးထွန်းရွှေ ( ထွန်းရွှေဝါ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး)မှ ပံ့ပိုးကူညီခဲ့ကာ အခမ်းအနားကို ညနေ (၄း၀၀) နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့